စစ်တပ်၏ အာဏာသိမ်းမှုကြောင့် NLD အစိုးရ စတင်ခဲ့သည့် NCA စာချုပ်အကောင်အထည်ဖော်မှု ရပ်ဆိုင်းသွားခဲ့ရပြီး ယုံကြည်ကိုးစားမှုလျော့နည်းကျဆင်းသွားခဲ့ဟု RCSSS အတွင်းရေးမှူး -၁ ဗိုလ်မှူးကြီး စိုင်းငင်း ပြောဆို

ရန်ကုန်၊ အောက်တိုဘာ ၁၅
စစ်အာဏာသိမ်းမှုကြောင့် NLD အစိုးရလက်ထက်က စတင်ခဲ့သည့် NCA စာချုပ်အကောင်အထည်ဖော်မှု ရပ်ဆိုင်းသွားခဲ့ရပြီး ယုံကြည်ကိုးစားမှုလျော့နည်းကျဆင်းသွားခဲ့ကြောင်း သျှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ (RCSSS) ၊ အတွင်းရေးမှူး -၁ ဗိုလ်မှူးကြီး စိုင်းငင်းက ပြောဆိုသည်။
ယနေ့ အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကျရောက်သည့် NCA စာချုပ် ချုပ်ဆိုခြင်း ၁၁ နှစ်မြောက် နှစ် ပတ်လည်အထိမ်းအမှတ် အခမ်းအနား၌ မိန့်ခွန်း ပြောကြားရာတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ ခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေး အခြေအနေ ပြောင်းလဲ သွားခဲ့ရပြီး NCA စာချုပ် အကောင်အထည်ဖော်ဆောင်ရေးလုပ်ငန်းများ ရပ်တန့်သွားခဲ့ကာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည်လည်း အစုအဖွဲ့အနေဖြင့် စုပေါင်းဆွေးနွေးဖော်ဆောင်တာမျိုး မရှိတော့ဘဲ တစ်ဖွဲ့ချင်း အနေဖြင့်သာ ဆွေးနွေး ညှိနှိုင်းပြီး ဆောင်ရွက်အကောင်အထည်ဖော်ခဲ့ရသည့် အခင်းအကျင်းမျိုးဖြစ် သွားခဲ့ကြောင်း သူကဆိုသည်။
“ဒီနေ့ဆိုရင် NCA စာချုပ်ဟာ ၁၁ နှစ်တင်းတင်းပြည့်ပြီဖြစ်သဖြင့် NCA စာချုပ် အကောင်အထည် ဖော် မှုကို ပြန်လည်သုံးသပ်ကြည့်ဖို့ လိုအပ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်ကစတင် ခဲ့တဲ့ NCA စာချုပ် အကောင်အထည်ဖော်ဆောင်ခြင်းဟာ ယနေ့အထိ အပြည့်အဝ ဖော်ဆောင်နိုင်ခြင်း မရှိခဲ့တာကို တွေ့ရှိရမှာဖြစ်ပါတယ်။” သျှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ (RCSSS) ၊ အတွင်း ရေးမှူး -၁ ဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံကို ၄ ကြိမ်ကျင်းပနိုင်ခဲ့ပြီး ပြည်ထောင်စုသဘောတူ စာချုပ် (Union Accord) အစိတ်အပိုင်း ၁ ၊ ၂ ၊ ၃ တို့ကို ချုပ်ဆိုနိုင်ခဲ့သော်လည်း ၎င်းတို့ကို ယနေ့ အထိ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း၊ ထို့အပြင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲခြင်းကို စောင့် ကြည့်ရန် ပူးတွဲစောင့်ကြည့် ရေးကော်မတီ အဆင့်ဆင့်ဖွဲ့စည်းထားသော်လည်း တိတိကျကျဆောင်ရွက် နိုင်ခြင်းမရှိကြောင်း အသိပေးထားသည်။
“အဖွဲ့အစည်းအဆင့်မှာ Bilateral သဘောတူညီချက်တွေအတိုင်း အကောင်အထည် ဖော်နိုင်ခြင်းမရှိခဲ့လို့ တနိုင်ငံလုံး အတိုင်းအတာ ဖော်ဆောင်မှုတွေမှာ ရိုက်ခတ်မှုတွေ ရှိခဲ့ပါတယ်။တဆက်တည်းမှာပဲငြိမ်းချမ်း ရေး အသီးအပွင့်တွေ မစံစားရ၊ မခံစားရလို့ ဒေသခံ လူထုတွေအနေနဲ့ ၁၁ နှစ်သား NCA စာချုပ် အပေါ် ယုံကြည်ကိုးစားမှုတွေ လျော့နည်း ကျဆင်းခဲ့ပါတယ်။ တဖက်မှာလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်မရှိ မဖြစ် လိုအပ်တဲ့ ယုံကြည်မှုတွေကို ဆွေးနွေး ဖော်ဆွေးနွေးဖက် အချင်းချင်းကြားမှာ တည်ဆောက်နိုင်ခဲ့ ခြင်းမရှိလို့ NCA, အကောင် အထည်ဖော်ဆောင် ရေး လုပ်ငန်းတွေမှာ နှောင့်နှေးကြန့်ကြာမှုတွေ၊ တစ်ဆို့ မှုတွေ၊ အထစ်အငေါ့တွေ ရှိခဲ့ပြီး ရည်မှန်းချက် ပန်း တိုင်ထံ မရောက်ရှိနိုင်ခဲ့ပါဘူး။” ဟု သျှမ်းပြည်ပြန် လည်ထူထောင် ရေးကောင်စီ (RCSSS) ၊ အတွင်းရေးမှူး -၁ ဗိုလ်မှူးကြီး စိုင်းငင်းက ပြောဆိုသည်။
ယုံကြည်မှု တည်ဆောက်ရာတွင် တစ်ဦး၊ တစ်ဖွဲ့ချင်းမှသည် ဆွေးနွေးဖက်အချင်းချင်းကြားအထိ တည် ဆောက်ရန် လိုအပ်ကြောင်း၊ အတိတ်ကာလက ၁၉၄၇ ပင်လုံ သဘောတူညီချက်၊ ပင်လုံကတိကဝတ် များ လျစ်လျူရှု၊ ဖယ်ကြဉ်ထားခံခဲ့ရသဖြင့် ပြည်ထောင်စုကို စုပေါင်း တည်ဆောက်ခဲ့ကြသည့် ကချင် တောင်တန်းဒေသ၊ ချင်းတောင်တန်းဒေသ၊ သျှမ်းပြည်နှင့် ပြည်မ ခေါင်းဆောင်များအကြား ယုံကြည်မှု ပျက်သုဉ်းခဲ့ရသည်ကို သတိချပ်သင့်ကြောင်း အကြံပြုထားသည်။
ထို့ကြောင့် လက်ရှိ နိုင်ငံရေး အခြေအနေ အခင်းအကျင်းအောက်၌ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဆောင် ရွက်ရာတွင် ငြိမ်းချမ်းရေး ရရှိလိုသည့် နိုင်ငံရေးဆန္ဒ ၊ တိကျရှင်းလင်းသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မူဝါဒ၊ ဖြေလျှော့မှုများ ၊ တည်ငြိမ်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ယန္တရား ၊ တန်းတူရည်တူရှိခြင်း၊ အပြန် အလှန်လေးစားမှုရှိခြင်း ၊ အလွတ်သဘောဆွေးနွေးပွဲ ၊ နေရာ ၊ လူထုနှင့် Stakeholders များ၏ ပါဝင် ခြင်း ၊ နိုင်ငံတကာ အသိုင်းအဝိုင်း၏ အခန်းကဏ္ဍ နှင့် သတင်းမီဒီယာ၏ ကူညီပံ့ပိုးခြင်းဖြင့် ကြိုးပမ်း ဆောင်ရွက်စေလိုကြောင်း တိုက်တွန်းထားသည်။
